အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ ပြည်တွင်းပြည်ပ အလုပ်သမားများဆိုင်ရာ ကော်မတီနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ဆွေးနွေးခြင်း အစည်းအဝေးကို ၇.၂.၂ဝ၁၃ ရက် နေ့၊ အစည်းအဝေး အမှတ်စဉ် ၁၅/၂ဝ၁၃ ဖြင့် ပြုလုပ် ကျင်းပခဲ့ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနနှင့် ဘဏ္ဍာရေးနှင့်ဆိုင်သည့် ကိစ္စရပ်များ ဆွေးနွေးရန် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။