ပထမအကြိမ် ပဉ္စမပုံမှန်အစည်းအဝေး ရပ်နားချိန်ကာလတွင် အမျိုးသားလွှတ်တော် ပထမပုံမှန်နှင့် ဒုတိယပုံမှန် အစည်း အဝေးများ၌ တင်သွင်းခဲ့သည့် အဆိုများအပေါ် အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့ပြီး ပြည်ထောင်စုအဆင့် ဌာနများမှ ဖြေကြားရန် ကျန်ရှိသော အဆိုကိစ္စများနှင့် ပဉ္စမပုံမှန် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ မေးမြန်း/တင်သွင်းခဲ့သည့်မေးခွန်း/အဆို ကိစ္စများနှင့်ပတ်သက်၍ ကော်မတီသည် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ၈.၁.၂၀၁၃ ရက်နေ့ (၁၃:၀၀)နာရီတွင် ပြုလုပ်ကျင်းပ ခဲ့ပါသည်။