ပထမအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေးကာလတွင် အမေရိကန်နိုင်ငံ၊အကြီးတန်းဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ လာရောက်တွေ့ဆုံခြင်းကို သတ္တုနှင့် သယံဇာတရေးရာကော်မတီမှ (၁၁-၂-၂၀၁၄) ရက်နေ့ (၁၅:၁၅) နာရီအချိန်တွင် လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။