အမျိုးသားလွှတ်တော် ပထမအကြိမ် နဝမပုံမှန် အစည်းအဝေး၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် သာသနာရေး ဝန်ကြီးဌာနတို့၏ (၂၀၁၄- ၂၀၁၅) အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်(မူကြမ်း) အစီရင်ခံစာနှင့် (၂၀၁၃- ၂၀၁၄) ဘဏ္ဍာနှစ်၊ ပထမ(၆) လပတ်ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ အစီရင်ခံစာကိစ္စများ ဆွေးနွေးခြင်း အစည်းအဝေးကို ၂၀.၁.၂၀၁၄ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။