ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီသည် ၂၇.၁.၂၀၁၄ ရက်နေ့ (၂:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ် (I-18) တွင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ ဘတ်ဂျက် ရန်ပုံငွေကိစ္စရပ်များအား ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။