ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီသည် (၂၆.၆.၂၀၁၄) ရက်နေ့ (၁:၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ရုံး၊ ရေးရာဆောင် အမှတ် (I-18) တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်ကိစ္စနှင့် ပတ်သက် ၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။