အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်တင်ရန် ပြင်ဆင်ထားသည်ကို အဖွဲ့ဝင်များအား ဖြန့်ဝေပြီး ဖြစ်ကြောင်း၊ ပိုမိုပြည့်စုံအောင် အားလုံး သဘောတူညီချက် ရအောင် ကျန်ကော်မတီဝင်များ ဖြည့်စွက်ချင် သည်များ ကျန်သွားမည် စိုးသည့်အတွက် အစီရင်ခံစာပေါ် မူတည်ပြီး အဆိုတင်ဖို့ ရှိကြောင်း၊ အကြမ်းဖျင်း တင် ဖို့ (၄)ခု ရှိကြောင်း၊ အဆိုတင်ဖို့ ဝိုင်းဝန်းဆွေးနွေးပြီး အဆို(၄)ခု ဆိုလျှင် (၄)ယောက် တစ်ဖွဲ့ ၊ ၎င်းတို့ကို ပြုစုပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်မည် ဖြစ်ကြောင်း၊ အတည်ပြုလျှင် လွှတ်တော်တွင် တင်သွင်းမည် ဖြစ်ကြောင်း၊ အဓိကက အစီရင်ခံစာကို အမြန်ဆုံး တင်သွင်းရန် ကော်မတီဝင်များ အနေဖြင့် ဖြည့်စွက်ပြီး ဆွေးနွေးရန်၊ ကော်မတီအနေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရန် ဥက္ကဋ္ဌမှ ဆွေးနွေးသည့် အစည်းအဝေးကို ၁၆. ၇. ၂၀၁၂ ရက်နေ့ ၁၃: ၀၀ နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။