အမျိုးသားလွှတ်တော် ပထမအကြိမ် ပထမပုံမှန် အစည်းအဝေးတွင် စတုတ္ထပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ UNDP ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ အမျိုးသားလွှတ်တော်ထံ UNDP နှင့် မြန်မာ့လွှတ် တော် ပူးပေါင်း၍ မြန်မာ့လွှတ်တော် တိုးတက်စေရန်နှင့် ကိုယ်စားလှယ်များ အရည် အသွေး တိုးတက်စေရေး ဆောင်ရွက်ရန်ကိစ္စ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ သဘောထား မှတ်ချက် ပြန်ကြား ရန်၊ နိုင်ငံတော်နှင့် ပြည်သူပတ်သက်မှု ကိစ္စ၊ ခြံမြေကိစ္စ၊ တရားရုံး အမှုအခင်းကိစ္စ အမှုတွဲများ ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပေးပို့ရန် ဆွေးနွေးသည့် အစည်းအဝေးကို ၁၆. ၈. ၂၀၁၂ ရက်နေ့ လွှတ်တော် အစည်းအဝေး ပြီးစီးချိန်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။