အမျိုးသားလွှတ်တော် ပထမအကြိမ် ပဉ္စမပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ ဝန်ထမ်းရေးရာနဲ့ ပတ်သက်၍ အဆိုတင်သွင်းရန် ကိစ္စ ဆွေးနွေးခြင်း၊ ကော်မတီဝင်များ လုပ်ငန်း တာဝန်နှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ တိုင်ကြားစာများ နှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်း အဆို တင်သွင်းရန် ဆွေးနွေးခြင်း၊ အစီရင်ခံစာ ရေးတဲ့အခါ တိုင်ကြားစာများအပေါ် သုံးသပ်ချက်များကို တင်ပြရန် ပြောကြားသည့် အစည်းအဝေးကို ၁၈. ၁၀. ၂၀၁၂ ရက်နေ့ လွှတ်တော် အစည်း အဝေး ပြီးစီးချိန်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။