အမျိုးသားလွှတ်တော် ပထမအကြိမ် လွှတ်တော်နား ကြားကာလ၌ တိုင်ကြားစာ အမှုတွဲများ နှင့်စပ်လျဉ်း၍ စိစစ်ခြင်း၊ အမှုတွဲများကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရေးအတွက် ကော်မတီဝင်များ အဖွဲ့လိုက် စိစစ်ရေးသားရန် ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးကို ၂၃. ၃. ၂၀၁၃ ရက်နေ့ (၁၃:၃၀) နာရီတွင် လွှတ်တော်အစည်းအဝေး ပြီးစီးချိန်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။