Share this

ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ ၁၃. ၃. ၂၀၁၄ ရက်နေ့ အစည်းအဝေး

Thursday, March 13, 2014 - 21:22
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ပထမအကြိမ် နဝမပုံမှန် အစည်းအဝေး၌   ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီနှင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ တွေ့ဆုံခြင်း၊ ကော်မတီ ဥက္ကဋ္ဌမှ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ လမ်းညွှန်ချက်ပေး၍ ပွင့်လင်းမြန်မာ့ရှေ့ဆောင် အဖွဲ့နှင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ လမ်းညွှန်ချက်နှင့်အညီ တွေ့ဆုံသည့် တွေ့ဆုံပွဲ ဖြစ်ပါ ကြောင်း၊ ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ လွှတ်တော်စောင့်ကြည့် လေ့လာရေး အစီအစဉ် သည်  အများပြည်သူ သိရှိခွင့်ရှိသည့် အမျိုးသားလွှတ်တော်ဆိုင်ရာ သတင်း အချက်အလက် များကို သုတေသနပြုလုပ်ရာတွင် အသုံးပြုနိုင်ရေးနှင့် အင်တာနက် စာမျက်နှာပေါ်တွင် မှန်ကန်တိကျစွာ စုစည်းတင်ပြနိုင်ရေးအတွက်  ဆောင်ရွက်နေသည်ကို သိရှိပါကြောင်း၊လွှတ်တော်ဆောင်ရွက်မှုများ နှင့်သော်လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်သည့် အချက်အလက်များကို သော်လည်းကောင်း အင်တာနက်စာမျက်နှာပေါ်တွင် လွယ်ကူထိရောက်စွာ ရှာဖွေနိုင်ရန်နှင့် Mobile Application အဖြစ် ပြုစုထုတ်ဝေရန် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ဆက်လက်ဆောင်ရွက်နေသည်ကို သိရှိပါကြောင်း၊ သုတေသနပြုလုပ်ခြင်း နှင့်အင်တာနက် မိုဘိုင်းနည်းပညာအသုံးပြု၍ လွှတ်တော်ဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူ ကျယ်ပြန့်စွာ သိရှိနားလည် လက်လှမ်းမီ နိုင်ရေးတို့ကို ဆောင်ရွက်ခြင်းမှာ ငွေကြေးအကျိုးစီးပွား မျှော်လင့်ချက်မပါဘဲ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အထောက်အကူပြုနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ကို မိမိတို့အနေဖြင့် ယုံကြည်ပါကြောင်း၊ မိမိတို့ကော်မတီ စတင်ဖွဲ့စည်းသည့် ကာလမှစပြီး ယနေ့ထိ လွှတ်တော်တွင် ဆောင်ရွက် နိုင်မှု အခြေအနေကို ရှင်းလင်းတင်ပြ သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ခံစားချက် နစ်နာချက် တိုင်ကြားလာသည့်အခါ အစိုးရအဖွဲ့ ဆောင်ရွက်နိုင်ရန်  ထိန်းကျောင်းပေးပါကြောင်း ၊ တိုင်ကြားစာအပေါ်မူတည်၍ ဆောင်ရွက်ချက်ကဏ္ဍအလိုက်  ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပွင့်လင်းမြန်မာ့ ရှေ့ဆောင်အဖွဲ့ မှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ကျေးဇူးတင်ပါကြောင်း၊ အစီရင်ခံစာ အမှတ်(၁) ထုတ်ပြန်ပြီး လွှတ်တော်ကိုယ်စားလှယ်များအား ဖြန့်ဝေပေးပြီး ဖြစ်ပါကြောင်း၊ လွှတ်တော်အသီးသီး တရားဝင်ထုတ်ပြန်ခဲ့သည့် အချက်အလက်များအပေါ် အခြေပြုပြီး စောင့်ကြည့်ရေး အစီရင်ခံစာ ပြုလုပ်ပါကြောင်း၊ အမှတ်(၁)အစီရင်ခံစာသည် ကိန်းဂဏန်း အခြေပြု စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ ဖြစ်ပါကြောင်း၊ အစီရင်ခံစာ(၂)ဆိုပြီး လကုန်လောက် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေပါ ကြောင်း၊ ကိန်းဂဏန်းအချက်အလက်များ ရရှိအောင် ကော်မတီဥက္ကဋ္ဌများထံ စာနှင့်တင်ပြထားပါကြောင်း၊ ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာ ကော်မတီ နှင့် အရင်ဆုံး တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ကော်မတီဝင် ဦးဉာဏ်လင်းမှ အစိုးရနှင့် ပြည်သူကိစ္စနှင့် ပတ်သက်သည့် တိုင်ကြားစာများ စိစစ် ဖြေရှင်းဆောင်ရွက်မှု အခြေအနေ၊ မြေယာကိစ္စများနှင့် ပတ်သက်၍ စိစစ်ဖြေရှင်း ဆောင်ရွက်ပေးမှု အခြေအနေများကို အသေးစိတ် ရှင်းလင်း ဆွေးနွေး ပါကြောင်း၊ ကော်မတီဝင် ဦးအောင်ချစ်လွင်၊ ဗိုလ်မှူးဇော်ခင်ထွဋ်၊ ဗိုလ်မှူးတင်အောင်မိုးတို့မှ ဝန်ကြီးဌာနဆိုင်ရာများနှင့် ဝန်ထမ်းရေးရာ များနှင့် ပတ်သက်သည့် တိုင်ကြားစာများကို စိစစ်ဖြေရှင်းပေးမှု နှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေး ရှင်းလင်းခဲ့ပါကြောင်း၊ ကော်မတီအတွင်းရေးမှူးမှ ဆွေးနွေးကြသည်မှာ ကောင်းမွန်ပါကြောင်း၊ အချက်အလက် ပြည့်စုံပါကြောင်း၊ တိုင်ကြားစာများကို စိစစ်ရသည်မှာ များလာ၍ တချို့တိုင်ကြားစာများသည် တစ်ဦးတစ်ယောက်တည်းက ဒိုင်ခံရေးသားပေးသည့်ပုံစံမျိုး တွေ့ရပါကြောင်း၊ အမှုပွဲစားဟု ပြောရမည်လား၊ ပုံစံအားဖြင့် မမှန်လျှင် သေဒဏ် ပေးစတမ်း ဆိုပြီး တိုင်ကြားစာများကို ကြည့်လျှင်သိနိုင်ပါကြောင်း၊ သာမန်တွေးလျှင် အမှန်တကယ် ထိခိုက်နစ်နာ၍ သုံးနှုန်းသည့် သဘောဆိုသော်လည်း တွေ့ရဖန် များလာ၍ တစ်ဦးတစ်ယောက်တည်းက ငွေယူ၍ တိုင်စာရေးပေးသည့်သဘော သုံးသပ်ရပါကြောင်း ဆွေးနွေးသည့် အစည်းအဝေးကို ၁၃. ၃. ၂၀၁၄ ရက်နေ့ ၁၃း၀၀ နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။