အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း၊ ကော်မတီ ဥက္ကဋ္ဌမှ ဦးထွန်းမြင့်နှင့် ဦးဉာဏ်လင်း တင်ပြသည့် အမှုတွဲ (၆)စောင်မှ (၅) စောင် ဆောင်ရွက်ရန် မလိုဟု တင်ပြထားသည်ကို သဘောတူပါကြောင်း၊ မေးခွန်း မေးသင့်သည့် ကိစ္စ မေးခွန်းမေးမည် ဖြစ်ကြောင်း၊ မေးခွန်း မေးသင့်/ မမေးသင့် ကော်မတီ အစည်းအဝေး နှင့် ဆုံးဖြတ်ပြီးမှ သေချာပြင်ဆင် Prepare လုပ်ပြီးမှ မေးမည် ဖြစ်ကြောင်း၊ ကာယကံရှင် မနစ်နာအောင် အများပြည်သူ မနစ်နာအောင် လုပ်ခြင်းဖြစ် ကြောင်း၊ တိုင်စာနှင့် ပတ်သက်၍ အစည်းအဝေးမှာ တိုင်ပင်ပြီး အများသဘောတူမှ ဆောင်ရွက်မည် ဖြစ် ကြောင်း၊ မိမိတို့သည် ပြည်သူဘက်မှ ရပ်တည်ပြီး ဆောင်ရွက်ကြဖို့ ဖြစ်ကြောင်း၊ အတတ် နိုင်ဆုံး အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အမှားနည်းအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကော်မတီအစည်းအဝေး တစ်ပတ် (၁)ကြိမ် လုပ်သွားမည် ဖြစ်၍ တက်ညီလက်ညီ တက်ပေးဖို့ ပြောလိုကြောင်း၊ ကော်မတီဝင်များမှ တိုင်ကြားစာများနှင့် စပ်လျဉ်းပြီး အလှည့်ကျ ဆွေးနွေးကြကြောင်း ပြောကြား သည့် အစည်းအဝေးကို ၄. ၆. ၂၀၁၄ ရက်နေ့ လွှတ်တော်အစည်းအဝေး ပြီးစီးချိန်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။