အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၊ ဥက္ကဋ္ဌမှ တစ်ပတ်(၁)ကြိမ် ပုံမှန် ပြုလုပ် သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၊ သည်တစ်ပတ်အတွင်း တွေ့ရှိချက်များကို တင်ပြပြီး မှတ်တမ်းတင်ရန်၊ တိုင်ကြားသူများသည် လိပ်စာလွှဲ အမည်လွှဲများဖြင့် တိုင်ကြားသည်များ ရှိပါကြောင်း၊ တိုင်ကြားသူများ အနေဖြင့် မှန်မှန်ကန်ကန် လိပ်စာဖော်ပြပြီး တိုင်ကြားကြရန် အစီရင်ခံစာတွင် ဖော်ပြသင့်ပါကြောင်း၊ ကော်မတီအတွင်းရေးမှူးမှ မိမိတို့ကော်မတီသို့ မိတ္တူ ပေးပို့သည့် အမှုတွဲဆိုပြီး ဆောင်ရွက်ရန် မလိုဟု ဆုံးဖြတ်ရန် မသင့်ပါကြောင်း၊ ကော်မတီဝင် များမှ တိုင်ကြားစာများနှင့် ပတ်သက်၍ အလှည့်ကျ ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးကို ၁၂.၆.၂၀၁၄ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။