Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

Wednesday, September 12, 2018 - 15:40
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၁၂.၉.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက (၃၉)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (39th AIPA General Assembly)သို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူးဒေါ်ထုမေနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၃၅၀)နာရီတွင် ရုပ်သိမ်းပါသည်။