အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနတို့မှတာဝန်ရှိပုဂ္ဂိုလ်များက (၁၃.၉.၂၀၁၈)ရက်နေ့ (၁၄၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အောက်ထပ်အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းဆွေးနွေးသည်။
ယင်းသို့တွေ့ဆုံရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်နှင့် လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ၎င်းဌာနများ၏ မူဝါဒ၊ ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များ၊ BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော လမ်းတံတားများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေနှင့် အဖွဲ့ဝင်(၉)ဦးတို့ တက်ရောက်ကြပါသည်။