Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

Friday, November 16, 2018 - 15:52
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်​တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၁၆.၁၁.၂၀၁၈)ရက်နေ့ (၁၁၅၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အစည်းအဝေးတွင် (၁၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပါလီမန်များအဖွဲ့ ညီလာခံ ကို တက်ရောက်ခဲ့သည့် ဒေါက်တာသန်းဝင်း(အဖွဲ့ခေါင်းဆောင်)နှင့် ဦးဂျေယောဝူ တို့က ညီလာခံအတွေ့အကြုံများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များက တက်ရောက်ကြပြီး အစည်းအဝေးကို (၁၃၀၀)နာရီတွင် ရုပ်သိမ်းပါသည်။