အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား ရန်ကုန်မြို့၊ တူရကီနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Kerem Divanlioglu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က (၁၃.၁၁.၂၀၁၈)ရက်နေ့ (၁၄၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ် ရှင်သန်အားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောဆိုဆွေးနွေးကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူး ဒေါ်ထုမေနှင့် ကော်မတီဝင်များဖြစ်ကြသော ဦးဂျေယောဝူ၊ ဦးမောင်မောင်လတ်၊ ဒေါက်တာ ဦးကြွယ်ကြွယ်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။