Share this

ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် Myanmar Positive Group မှ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ၂၀၁၈ အထိမ်းအမှတ် အခမ်းအနားနှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းတင်ပြပွဲ

Wednesday, November 28, 2018 - 11:26
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် (J)ဆောင်၌ (၂၈.၁၁.၂၀၁၈)ရက်နေ့၊ နံနက်(၀၈၃၀)နာရီမှ နံနက် (၀၉၃၀)နာရီအထိ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် Myanmar Positive Group မှ ကျင်းပြုလုပ်သည့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ ၂၀၁၈ အထိမ်းအမှတ်အခမ်းအနားတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါအကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံအတွင်းဆောင်ရွက်နေသော ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအား အသိပညာပေး အစီအစဉ်များ ပြုလုပ်ခဲ့ ကြပါသည်။

အဆိုပါရှင်းလင်းတင်ပြပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ Myanmar Positive Group နှင့် ဆက်နွယ်သည့်အဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။