Share this

နဝမနေ့ အစီအစဉ် (၄ - ၁၂ - ၂၀၁၈)

Tuesday, December 4, 2018 - 08:09
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး

နဝမနေ့ အစီအစဉ်

[ ၄ - ၁၂ - ၂၀၁၈ ](အင်္ဂါနေ့) နံနက် ၁၀ နာရီ

 

 ၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

 

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

 

၃။      အမျိုးသားလွှတ်တော် နဝမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

 

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

 

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် က ဖြေကြားခြင်း -

 

(က)    ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ခရီးသည် ၁၀ ဦးနှင့်အထက် စီးနင်းလိုက်ပါနိုင်မည့် အသေးစား လေယာဉ်ကွင်းငယ် ဖြစ်မြောက်ရေး၊ လေယာဉ်ခရီးစဉ် ပုံမှန် ပျံသန်းခွင့်ရရှိရေး အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို နိုင်ငံတော်အစိုးရမှ ကြီးကြပ်လမ်းညွှန်ပေးပြီး အောင်မြင်စွာ အကောင်အထည်ဖော်ပေးနိုင်မည့် အစီအစဉ်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည်‌ မေးခွန်း၊

 

( ခ )  ဦးစိုင်းပန်ဖ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကယားပြည်နယ်၊ မယ်စဲမြို့နယ်၊ နန်းမန်းကျေးရွာအုပ်စု၊ မယ်ဆည်နမ်ကျေးရွာအုပ်စုနှင့် ဟိုဂျစ် ကျေးရွာအုပ်စု(၃)စုတွင် MPT ဆက်သွယ်ရေး တာဝါတိုင်များ တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 

( ဂ ) ဒေါ်နော်ဆာမူထူး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကြာအင်းဆိပ်ကြီး မြို့နှင့် ကျိုက်ဒုံမြို့သည် (၃၁)မိုင်ကျော် ကွာဝေးပြီး ဆက်သွယ်ရေး ပြတ်တောက်သည့်ဒေသ ဖြစ်ပါသဖြင့် တယ်လီဖုန်း ဆက်သွယ်၍ မရခြင်းကြောင့် လမ်း၏အလယ်ဗဟိုဖြစ်သော ခုတ်ခွါးတောင်ထိပ်တွင် MPT သို့မဟုတ် Telenor  တာဝါတိုင် စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 

(ဃ)  ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရေးအတွက် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံမှုရှိစေရန် လိုအပ်သော နေရာများတွင် တယ်လီဖုန်းတာဝါတိုင်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 

 ( င )  ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကလောမွန်ကျေးရွာ၊ အိုင်ကွန်တောင်နှင့် လုမ်သဲကျေးရွာရှိ တောင်ထိပ်စခန်းများတွင် MPT တာဝါတိုင်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 

( စ )   ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း ရေဘေးကြုံတွေ့ခဲ့ရမှုအပေါ် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းဆုံးရှုံးမှုများအား အနာဂတ်တွင် ဖြစ်ပေါ်မှု လျော့နည်းစေရေး၊ ထိခိုက်မှု အနည်းဆုံး လျှော့ချနိုင်ရေး၊ ရေရှည်စီမံကိန်းများ ရေးဆွဲနိုင်ရန် အတွက် ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့အား ပူးတွဲ၍ အသေးစိတ် ကွင်းဆင်းလေ့လာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

 

 ၆။    အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ၂၀၁၇ ခုနှစ်၊ မြန်မာ့   ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏  အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း။

 

  ၇။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

 

  ၈။    ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့် စပ်လျဥ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းခြင်း။

 

  ၉။    ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

 

၁၀။    အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က တရားလွှတ်တော် ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း။

 

၁၁။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

 

၁၂။    ဦး‌စိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)က တရားလွှတ်တော် ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့်  လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း။

 

၁၃။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

 

၁၄။  ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ သက်ရှိသဘာဝသယံဇာတဖြစ်သော ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်လျက် အများပြည်သူ သတိပြုမှု မြင့်တက်စေရန်နှင့် ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏အစိတ်အပိုင်းများ ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့်ပစ်နိုင်ရန်အတွက် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခြင်းဖြင့် အချိန်မီကယ်တင်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

 

(က)    ဒေါ်ရွှေရွှေစိန်လတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) 

( ခ )   ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) 

( ဂ )   ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)

 (ဃ)    ဒေါ်သန်းသန်းအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)

 

၁၅။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး နဝမနေ့ ရပ်နားကြောင်းနှင့် ဒသမနေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။