အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ သည် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအဖွဲ့အစည်းများမှ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၃.၁၂.၂၀၁၈)ရက်နေ့ နှင့် (၄.၁၂.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာ ဆောင်အမှတ်(I-20)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအဖွဲ့အစည်းများမှ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။
ရှေးဦးစွာ အစိုးရ၏ အာမခံချက်များကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များနှင့် မေးခွန်းရှင်များက ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ကွင်းဆင်းစိစစ်ခဲ့သည့် မေးခွန်း များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများမှပုဂ္ဂိုလ်များက ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြပါသည်။
ထို့နောက် ဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။