Share this

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Wednesday, December 5, 2018 - 15:37
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ သည် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၅.၁၂.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-20) ကော်မတီအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ အစိုးရ၏ အာမခံချက်များကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များက ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော်၊ နဝမပုံမှန်အစည်းအဝေးတွင် အာမခံချက်၊ ကတိနှင့် တာဝန်ခံချက်များ ဖြစ်ပေါ်ခဲ့သည့် အဆိုနှင့်မေးခွန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးညှိနှိုင်း အတည်ပြုခဲ့ပါသည်။

ထို့နောက် ဆွေးနွေးချက်များအပေါ် ကော်မတီအတွင်းရေးမှူးက ဖြည့်စွက်ဆွေးနွေးတင်ပြပြီး ကော်မတီဥက္ကဋ္ဌ က ပြန်လည်သုံးသပ် ဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။