Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

Wednesday, December 5, 2018 - 15:52
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၅.၁၂.၂၀၁၈)ရက်နေ့ (၁၂၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18)အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အစည်းအဝေးတွင် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင် ဒေါက်တာ ဦးကြွယ်ကြွယ်မှ တရုတ်သမ္မတရှီကျင်းပင် အကြောင်းကို ဆွေးနွေးပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၃၁၅)နာရီတွင် ရုပ်သိမ်းပါသည်။