ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး
၁၁ ရက်မြောက်နေ့ အစီအစဉ်
[ ၇ - ၁၂ - ၂၀၁၈ ](သောကြာနေ့) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ၁၁ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ဖြေကြားခြင်း -
(က) ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုမြို့လယ်၊ စည်ပင်သာယာဈေးကြီး မြောက်ဘက်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် အန္တရာယ်ရှိ အဆောက် အအုံများကို အမြန်ဆုံး ဖျက်သိမ်းပြီး သက်ဆိုင်ရာဌာနအတွက် လည်းကောင်း၊ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး လွှဲပြောင်း အသုံးချရန်အတွက် လည်းကောင်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ အစိုးရရာထူးအဆင့် အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မည်သည့်အချိန်တွင် အငြိမ်းစားယူခဲ့သည်ဖြစ်စေ၊ ရာထူး အဆင့်နှင့်လုပ်သက် တူညီပါက တစ်ပြေးညီ တူညီစွာ ခံစားခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ အောင်ဘာလေထီ လက်မှတ်များကို အက္ခရာတိုးမြှင့် ထုတ်ဝေရန် ပျက်ကွက်နေသောကြောင့် နိုင်ငံတော်မှ လစဉ်အခွန်ဝင်ငွေများ နစ်နာနေခြင်း၊ ထီလက်မှတ်တစ်စောင်လျှင် ၆၅၀ ကျပ်/ ၇၀၀ ကျပ် ဖြစ်နေ၍ ပြည်သူများ နစ်နာဆုံးရှုံးနေခြင်း၊ တစ်နိုင် တစ်ပိုင် ထီရောင်းသူများ ဝင်ငွေကျဆင်းနေခြင်းတို့ ဖြစ်ပေါ်နေသော်လည်း ထီလုပ်ငန်းရှင်ကြီးများမှာ အကျိုးအမြတ်များစွာ ရရှိနေကြပါသဖြင့် လိုအပ်သလို ပြုပြင်တည့်မတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ သံနှင့်သံမဏိ ကျိုချက်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ထည့်သွင်းရသော သံတိုသံစ၊ သံထည်ဟောင်း(Scrap)များအား မြဝတီလမ်းကြောင်းမှ ပြည်ပ နိုင်ငံသို့ တင်ပို့မှုအပေါ် နိုင်ငံတော်မှ အခွန်ရရှိခြင်း ရှိ/မရှိကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် အတိုးနှုန်းသက်သာသော ချေးငွေရရှိနိုင်ရေး သီးခြားအစီအမံဖြင့် မည်သို့ဆောင်ရွက်ပေးမည်များကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( စ ) နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော “ဝန်ထမ်းသက်သာချောင်ချိရေး ရန်ပုံငွေ”နှင့် ပတ်သက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်တမ်းအား အစီအစဉ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်း ရှိ/မရှိ နှင့် ရှိပါက မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခြင်း-
(က)ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)
( ခ )ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)
( ဂ )ဗိုလ်မှူးနိုင်မြင့်၊ တပ်မတော်သားကိုယ်စားလှယ်
၇။ ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) ၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ သက်ရှိ သဘာဝသယံဇာတဖြစ်သော ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်လျက် အများပြည်သူ သတိပြုမှု မြင့်တက်စေရန်နှင့် ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ အစိတ်အပိုင်းများ ပြောင်ပြောင် တင်းတင်း ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့်ပစ်နိုင်ရန်အတွက် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခြင်းဖြင့် အချိန်မီ ကယ်တင်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း-
(က)ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)
( ခ )ဒေါက်တာကျော်ငွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)
( ဂ )ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)
(ဃ)နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၂ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။