Share this

အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဥပဒေပြုပြီးနောက်စိစစ်ခြင်းလုပ်ငန်း (Post Legislative Scrutiny –PLS ) အစည်းအဝေး

Wednesday, December 19, 2018 - 09:10
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှတာဝန်ရှိပုဂ္ဂိုလ်များနှင့် (၁၈.၁၂.၂၀၁၈) ရက် (၁၁၃၀)နာရီမှ (၁၃၀၀) နာရီအချိန်ထိ ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် ပဒေပြုပြီးနောက်စိစစ်ခြင်းလုပ်ငန်း (Post Legislative Scrutiny –PLS ) ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေ” နှင့်စပ်လျဉ်း၍  ဆွေးနွေးပြောကြားပါသည်။

အဆိုပါအစည်းအဝေးသို့  ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်သန်း၊ ဦးကျော်ကျော်ဝင်း၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးတင်ဝေ၊ ဦးညီစိန်၊ ဦးအောင်မျိုး၊ အတွင်းရေးမှူး ဒေါ်ခင်ဆွေလွင် နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။