Share this

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအား ဖိတ်ကြား၍ ဆွေးနွေးညှိနှိုင်းခြင်း

Wednesday, December 19, 2018 - 15:24
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက (၁၉.၁၂.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17) အောက်ထပ်အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းဆွေးနွေးသည်။

ယင်းတွေ့ဆုံရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (DEPP) ဦးဟိန်းထက်နှင့်အဖွဲ့ဝင်(၄)ဦးတို့က မြန်မာနိုင်ငံတစ်ဝှမ်း အကောင်အထည်ဖော်လျက်ရှိသော နေရောင်ခြည်(Solar)စွမ်းအင်သုံး လျှပ်စစ်စီမံကိန်းများနှင့် လေ(Wind)စွမ်းအင်သုံး စီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေနှင့် အဖွဲ့ဝင်(၁၀)ဦးတို့ တက်ရောက်ကြပါသည်။