Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား ပြင်သစ်နိုင်ငံ အမျိုးသားလွှတ်တော် (အောက်လွှတ်တော်)မှ စီးပွားရေးရာအမြဲတမ်းကော်မတီအဖွဲ့ဝင် Mr.Christophe Naegelen နှင့် နိုင်ငံခြားရေးရာအမြဲတမ်းကော်မတီအဖွဲ့ဝင် Mr.Jean Francois Mbaye ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံ

Wednesday, December 19, 2018 - 15:50
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား ပြင်သစ်နိုင်ငံအမျိုးသားလွှတ်တော် (အောက်လွှတ်တော်)မှ စီးပွားရေးရာအမြဲတမ်းကော်မတီအဖွဲ့ဝင် Mr.Christophe Naegelen နှင့် နိုင်ငံခြားရေးရာအမြဲတမ်းကော်မတီအဖွဲ့ဝင် Mr.Jean Francois Mbaye ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က (၁၉.၁၂.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20)ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော်ချင်း အပြန်အလှန်ဆက်ဆံရေးကိစ္စများ၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ရေအားလျှပ်စစ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များဖြစ်ကြသော ဦးဇော်ဟိန်း၊ ဒေါက်တာဦးကြွယ်ကြွယ်၊ ဦးနိုင်ကိုကိုနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။