အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီသည် LCM, RMO, NCRWG, GEN, WON အဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၁၉.၁၂.၂၀၁၈) ရက် (၁၃း၃၀)နာရီမှ (၁၄း၅၀) နာရီအချိန်ထိ ရေးရာဆောင် အမှတ် (I-18) အစည်းအဝေးခန်းမ၌ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် “ဥပဒေပြုပြီးနောက်စိစစ်ခြင်းလုပ်ငန်း (Post Legislative Scrutiny –PLS ) ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေ” နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပါသည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီ အတွင်းရေးမှူး ဒေါ်ခင်ဆွေလွင်၊ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်ကျော်ဝင်း၊ ဦးကျော်နိုင်၊ ဦးအေးမင်းဟန်၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးတင်ဝေ၊ ဦးဖေချစ်၊ ဒေါ်အိအိပြုံး၊ ဦးညီစိန်၊ နော်ဆာမူထူး၊ ဦးအောင်မျိုး၊ ဒေါ်သန်းသန်းအေး၊ ဗိုလ်မှူးကြီးအောင်လွင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။