အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်၊ (၁၃၃၀)နာရီတွင် အမျိုးသားလွှတ်တော် ရေးရာဆောင် အမှတ် (အပေါ်ထပ်)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား၍ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြပါသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို (၁၄၄၅)နာရီတွင် ရပ်နားခဲ့ပါသည်။