အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၂၃.၁.၂၀၁၉)ရက်နေ့ (၁၁၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18)အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက One Belt One Road (OBOR) အကြောင်းဆွေးနွေးပြီး တက်ရောက်လာသော ကော်မတီဝင်များမှ လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံတကာရေးရာကိစ္စရပ်များကို ဆွေးနွေးကြပါသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူး ဒေါ်ထုမေတို့နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို(၁၂၄၅)နာရီတွင် ရုပ်သိမ်းပါသည်။