အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီသည် NGO Child Right Working Group တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် (၂၉.၁.၂၀၁၉) ရက် (၈း၀၀)နာရီမှ (၉း၃၀)နာရီအချိန်ထိ ရေးရာဆောင်အမှတ် (I-18)အစည်းအဝေးခန်းမ၌ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် “ကလေးသူငယ်ဥပဒေ” နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား ပါသည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်နိုင်၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးညီစိန်၊ နော်ဆာမူထူး၊ ဦးအောင်မျိုး၊ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဒေါ်ခင်ဆွေလွင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။