Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

Wednesday, January 30, 2019 - 15:32
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၃၀.၁.၂၀၁၉)ရက်နေ့ (၁၁၅၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18)အပေါ်ထပ် အစည်းအဝေးခန်းမ ၌ ကျင်းပပါသည်။

အစည်းအဝေးတွင် အတွင်းရေးမှူး ဒေါ်ထုမေမှ China’s Open Door Policy ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှုအပေါ် တက်ရောက်လာသော ကော်မတီဝင်များမှ အပြန်အလှန်ဆွေးနွေးကြပြီး ကော်မတီ၏ ရှေးလုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးကြပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူး ဒေါ်ထုမေတို့နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၂၅၀)နာရီတွင် ရုပ်သိမ်းပါသည်။