အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက (၃၀.၁.၂၀၁၉)ရက်နေ့ (၁၄၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းဆွေးနွေးသည်။
ယင်းသို့တွေ့ဆုံရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးခင်သက်(ညွှန်ကြားရေးမှူးချုပ်)နှင့် အဖွဲ့ဝင်(၄)ဦးတို့က လက်ရှိဆောင်ရွက်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေနှင့် အဖွဲ့ဝင်(၇)ဦးတို့ တက်ရောက်ကြပါသည်။