Share this

နဝမနေ့ အစီအစဉ် (၇ - ၂ - ၂၀၁၉)

Thursday, February 7, 2019 - 08:22
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

နဝမနေ့ အစီအစဉ်

[ ၇ - ၂ - ၂၀၁၉ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် နဝမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ငွေစက္ကူအတုများ ဖမ်းဆီးရမိမှုအပေါ် သက်ဆိုင်ရာမှ မည်သို့တုံ့ပြန် ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကွင်း၊ ကွင်းအမှတ် (၁၁၄၃)ရှိ အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေဧရိယာ(၁၉၀)ဧကအား ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော၊ ဒီရေတော တည်ထောင်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ အရှုံးဖြင့် လည်ပတ်နေသော တကောင်း နီကယ်သတ္တုသိုက်အား ထုတ်လုပ်မှု အပေါ် အမြတ်ခွဲဝေခံစားသည့် စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသော Myanmar CNMC Nickel Co.Ltd အား ထုတ်လုပ်မှု ရပ်ဆိုင်းရန် အစီအစဉ် ရှိ/မရှိ၊ ဒီဇိုင်းပါ ဖယ်ရိုနီကယ် တစ်တန် ထုတ်လုပ်မှုစရိတ် အမေရိကန်ဒေါ်လာ (၁၅၂၀၀)နှုန်းအား ပြန်လည်ဆန်းစစ်ရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်း တို့နှင့် စပ်လျဉ်း သည့် မေးခွန်း။ 

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ ထားသော တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၇။ မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က)ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)

( ခ )ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)

( ဂ )ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)၊ 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)

၈။ ဦးစိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) ၏ ပြည်သူများ ယုံကြည်ကိုးစား အားထားပြီး ဖြောင့်မတ်မှန်ကန်မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျ လေးနက်စွာ ကျိန်ဆိုရေး အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က)ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)

( ခ )ဦးကျော်မြင့်ဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

( ဂ )ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၊

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)

(ဃ)ဒေါ်စန်းစန်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)

( င )ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၊ 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)

( စ ) ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)

(ဆ)ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ရပ်နားကြောင်းနှင့် ဒသမနေ့ အစည်းအဝေး  ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။