Share this

၁၂ ရက်မြောက်နေ့ အစီအစဉ် ( ၁၄ - ၂ - ၂၀၁၉ )

Thursday, February 14, 2019 - 08:33
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

၁၂ ရက်မြောက်နေ့ အစီအစဉ်

[ ၁၄ - ၂ - ၂၀၁၉ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၂ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း အသေးစား SME လုပ်ငန်းစုများပါဝင်သည့် စက်မှုဇုန်တစ်ခုထူထောင်ပေးရန် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးသွားမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊ 

( ခ ) ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ကျေးလက်နေ ပြည်သူလူထုကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက် ပျက်စီးမှု ဖြစ်ပေါ်နေသော မြန်မာနိုင်ငံတစ်ဝန်း ကျေးရွာများအတွင်းရှိ စပါးခွံလောင်စာ (Gas-Fired)သုံး ဆန်စက်များအား အမြန်ဆုံး ကြပ်မတ် စစ်ဆေး အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မြန်မာနိုင်ငံ၏ အကျဉ်းထောင်များတွင် အကျဉ်းသားများ ထူထပ်ကြပ်တည်းနေသဖြင့် အကျဉ်းသားအခွင့်အရေးများ ဆုံးရှုံးနစ်နာနေခြင်း၊ ထောင်ဝန်ထမ်းဦးရေ သည်လည်း ဖွဲ့စည်းပုံအင်အားပြည့်မီခြင်း မရှိသဖြင့် ဥပဒေနှင့်အညီ ကြပ်မတ်ထိန်းသိမ်းအုပ်ချုပ်ရန် အခက်အခဲဖြစ်နေသည့် လက်ရှိအခြေအနေ များအား ဖြေရှင်းရန် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် မူးယစ်ဆေးဝါး နှိမ်နှင်းရေး တပ်ဖွဲ့အင်အား ပြည့်စုံရန်နှင့် ခေတ်မီအထောက်အကူပြု ပစ္စည်းပစ္စယများ ဖြည့်တင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးကျော်ဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ဌာနဆိုင်ရာ များတွင်ရှိသော ယာဉ်အို၊ ယာဉ်ဟောင်းများကို မည်သို့ဆောင်ရွက်ရန် စီစဉ် ထားသည်ကို သိရှိလိုခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ အသုံးပြုနိုင်ရန် သင့်လျော်သော ယာဉ်၊ မော်တော်ဆိုင်ကယ်များ ထောက်ပံ့ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာပြည် တစ်ပြည်လုံး ဝန်ကြီးဌာနများရှိ ဝန်ထမ်းများ၏ အပြောင်းအရွှေ့ ရာထူးတိုးများကို ဗဟိုချုပ်ကိုင်မှုစနစ် (Centralization) လျှော့ချ၍ ပြုလုပ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ၂၀၁၆ ခုနှစ်၊ အမျိုးသားမြေအသုံးချမူဝါဒ (National Land Use Policy) ရှိသော်လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေးတို့အတွက် မဖြစ်မနေလိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီးပါသဖြင့် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်သော အမျိုးသားမြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမူဝါဒကို ပြန်လည်သုံးသပ်၍ မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း  အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန်    သင့် မသင့် အဆုံးအဖြတ် ရယူခြင်း။

၇။ အဆိုကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ပါက ယင်းအဆိုကို လက်ခံဆွေးနွေးရန် မရှိကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

(သို့မဟုတ်)

အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပါက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၃ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။