အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၀.၂.၂၀၁၉)ရက်နေ့ (၁၁၄၅)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါအစည်းအဝေးတွင် ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် MoU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၂၁၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။