အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေး နှင့် အဖွဲ့ဝင်များအား ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS)၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM)တို့မှ (၂၁.၂.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ J ဆောင် Talk Room ခန်းမ၌ လာရောက်တွေ့ဆုံသည်။
“အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ” ကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေး၊ အတွင်းရေးမှူး ဦးဥက္ကာမင်းတို့နှင့်အတူ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာခင်မကြီး၊ ဒေါ်နန်းမိုးမိုးထွေး၊ ဦးကျင့်ခန့်ပေါင်၊ ဦးလှဆန်း၊ ဦးစိုးသီဟ(ခ)မောင်တူး၊ ဦးကြည်ဝင်း၊ ဒေါ်အိအိပြုံး၊ ဒေါ်စန်းစန်းမြင့်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။