အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၆.၃.၂၀၁၉)ရက်နေ့ (၁၂၅၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
အစည်းအဝေးတွင် ဒေါက်တာဝင်းမြင့်က မြစ်ဆုံဆည်အကြောင်းတင်ပြရာ အဖွဲ့ဝင်အားလုံးက စိတ်ပါဝင်စားစွာဖြင့် ပူးပေါင်းပါဝင် ဆွေးနွေးကြပါသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ ကော်မတီအတွင်းရေးမှူး ဒေါ်ထုမေတို့နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၃၄၅)နာရီတွင် ရုပ်သိမ်းပါသည်။