အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၂.၅.၂၀၁၉)ရက်နေ့ (၁၁:၄၅) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
အစည်းအဝေးတွင် ရုရှားနိုင်ငံအကြောင်း၊ ဂျပန်ဘုရင် အကီဟီတို နန်းစွန့်ခြင်းနှင့် ဘုရင်အသစ် နာရူဟီတို သို့နန်းလွှဲအပ်ခြင်း ၊ နန်းစွန့်ဂျပန်ဘုရင်၏ လူမှုရေး တာဝန်ထမ်းဆောင်ခဲ့ခြင်းများအကြောင်း ၊ ငြိမ်းချမ်းရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးအတွက် စိတ်အားထက်သန်ခြင်းများအကြောင်းနှင့် ယူကရိန်းသမ္မတ ဖြစ်လာသူမှ ရင်ဆိုင်ရမည့် နိုင်ငံရေးစိန်ခေါ်မှုများနှင့် ပတ်သက်သည့်အကြောင်းတို့ကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြြပီး အစည်းအဝေးကို (၁၃:၀၀)နာရီတွင် ရုပ်သိမ်းပါသည်။