အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်နော်မြစေးနှင့် ကော်မတီဝင် များအား Westminster Foundation for Democracy(WFD) မှ Mr.Neil Carmichale က (၆-၆-၂၀၁၉) ရက်နေ့ လွှတ်တော်အစည်းအဝေးပြီးစီးချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-14) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် ပညာရေးတွင်ပြုပြင်ပြောင်းလဲခဲ့သော သင်ရိုးညွှန်းတမ်းအသစ်နှင့် ပတ်သက်၍ စုံစမ်းလေ့လာမှုပြုလုပ်ခဲ့ပြီး ရရှိလာသည့်အချက်အလက်များကို အစီရင်ခံစာရေးသား ရန်အတွက် အပြန်အလှန်ဆွေးနွေးကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌဒေါ်နော်မြစေး၊ အတွင်းရေးမှူးဦးကျော်တုတ်၊ ကော်မတီဝင် များ နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။