လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ ဗီယက်နန်နိုင်ငံ၊ အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံနိုင်ရေး၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် ညှိနှိုင်းအစည်းအဝေးကို ၂၃-၁၁-၂၀၁၂ ရက်နေ့တွင် ကော်မတီရေးရာဆောင်၌ ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ပထမအကြိမ် ပဉ္စမပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့သို့ ပေးပို့မည့် အမှုတွဲများ ကိစ္စ ဆွေးနွေးသည့် အစည်းအဝေးကို ၂၂. ၁၁. ၂၀၁၂ ရက်နေ့ လွှတ်တော် အစည်းအဝေး ပြီးစီးချိန်တွင်  ပြုလုပ် ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

ပထမအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကာလတွင် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် အသင်းနှင့် သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့်ပက်သက်၍ ဆွေးနွေးခြင်းကို  (၁၉-၁၁-၂၀၁၂)  ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

 

လှုပ်ရှားမှုများ

ပထမအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကာလတွင် ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  (၁၆-၁၁-၂၀၁၂) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီသည် (၁၅.၁၁.၂၀၁၂) ရက်နေ့ (၁:၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ် (I-18) တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ကလေးသူငယ်တရားစီရင်ရေး ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

 

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ပထမအကြိမ် ပဉ္စမပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ လွှတ်တော် အစည်းအဝေး ပြီး၍ ကော်မတီဝင်များ ပြန်သွားချိန်တွင် လုပ်ငန်းများ ပြီးပြတ် စေရန် ရုံးအဖွဲ့မှ ပြည်နယ်/ တိုင်း အလိုက် ၊ ဝန်ကြီးဌာနအလိုက် ဖိုင်များ ခွဲရန်၊  အခြားကော်မတီ များနှင့်မတူ ပင်ပန်းပါကြောင်း၊ သတင်းစာ ရှင်းလင်းပွဲ လုပ်ရမည် ဖြစ်ကြောင်း၊  တိုင်း/ပြည်နယ် မှတ်တမ်းများ လုပ်ရန် လိုအပ်ပါကြောင်း၊ ကော်မတီအနေနဲ့ မဖြစ်မနေ လုပ်ရမယ့် ကိစ္စများ ဖြစ်ပါကြောင်း ဆွေးနွေးသည့် အစည်း အဝေးကို ၁၅. ၁၁. ၂၀၁၂ ရက်နေ့ (၁၄း၃၀) နာရီတွင်  ပြုလုပ် ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

ပထမအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ မစန်းလှ၏ တိုင်ကြားစာအပေါ် ကော်မတီမှ တိုင်ကြားသူ၊ ဆေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆေးသိပွံဦးစီးမှ ညွှန်ကြားရေးမှူးချုပ်တို့နှင့် ဆွေးနွေးခြင်း (၇/၂၀၁၂) ကို ၁၅-၁၁-၂၀၁၂ ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ကော်မတီရေးရာဆောင်အမှတ် (I-17) ၌ ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

ပထမအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၅/၂၀၁၂) ကို ၈-၁၁-၂၀၁၂ ရက်နေ့ လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် ကော်မတီရေးရာဆောင်အမှတ် (I-17) ၌ ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

ပထမအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ကာလအတွင်း အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှုစီမံကိန်းများ ရေးရာ ကော်မတီ၏ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ ဖြည့်စွက်ရန်ပုံငွေ တောင်းခံခြင်း ကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၉/၂၀၁၂) ကို ၆-၁၁-၂၀၁၂ ရက်နေ့တွင် ကော်မတီရေးရာဆောင်၌ ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ပထမအကြိမ် ပဉ္စမပုံမှန် အစည်းအဝေး၌ INGO အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခွင့်အား မိမိတို့ ကော်မတီက လွှတ်တော်ဥက္ကဋ္ဌကြီးထံ ခွင့်ပြုချက် တောင်းခံရန် အစည်းအဝေးကို ၆.၁.၂၀၁၂ ရက်နေ့ အစည်းအဝေး အမှတ်စဉ် ၁၂/၂၀၁၂ ဖြင့်   ပြုလုပ် ကျင်းပခဲ့ပါသည်။