လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ပထမအကြိမ် တတိယပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ အတွင်းရေးမှူးမှ တိုင်ကြားစာ အမှုတွဲ(၂၅)စောင် နှင့်စပ်လျဉ်း၍  အစည်းအဝေးတွင် ရေးသွင်းထားချက်များ ကော်မတီဝင်များသို့ ဖတ်ကြား၍ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ချက်များ ဆောင်ရွက်ခြင်း၊ ကာယကံရှင်များ နစ်နာမှု မရှိစေရေး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန် အစည်းအဝေးကို ၄.၂.၂၀၁၂ ရက်နေ့ ၁၀:၀၀ နာရီတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ပထမအကြိမ် တတိယပုံမှန် အစည်းအဝေး၌ အမိန့်ကြော်ငြာစာ အမှတ်  ၁၅/ ၂၀၁၂ ဖြင့် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းအား အတည်ပြု ခြင်းကို ၂.၂.၂၀၁၂ ရက်နေ့ အစည်းအဝေး အမှတ်စဉ် ၁/ ၂၀၁၂ ဖြင့်  ပြုလုပ် ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီသည် (၂.၂.၂၀၁၂) ရက်နေ့  (၁:၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ် (I-18) တွင်  ကော်မတီ စတင်ဖွဲ့စည်း ကြောင်း နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

လှုပ်ရှားမှုများ

ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီသည် (၂.၂.၂၀၁၂) ရက်နေ့ (၃:၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ် (I-18) တွင်  ကော်မတီဝင်များအား လေ့လာရေးအဖွဲ့ ဖွဲ့စည်းရန်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

လှုပ်ရှားမှုများ

ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၂) ကို ၂၆-၁-၂၀၁၂ ရက်နေ့ လွှတ်တော်အစည်းအဝေး ပြီးဆုံးချိန်တွင် ကော်မတီရေးရာဆောင် အမှတ် (I-17) ၌ ဆက်လက်ကျင်းပခဲ့ပါသည်။ 

လှုပ်ရှားမှုများ

ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၂)ကို ၂၅-၁-၂၀၁၂ ရက်နေ့ (၁၀:၃၀) နာရီတွင် ကော်မတီရေးရာဆောင်အမှတ် (I-17)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ တိုင်းရင်းသားရေးရာကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၅-၁-၂၀၁၂ ရက်နေ့တွင် ကော်မတီရေးရာဆောင်၌ ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီသည် (၁၇.၁၁.၂၀၁၁) ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ် (I-18) တွင်  ကော်မတီ စတင် ဖွဲ့စည်းကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ အနိမ့်ဆုံး အခကြေးငွေ (Minimum Wages) သတ်မှတ် နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခြင်း အစည်းအဝေးကို ၂၇.၁ဝ.၂ဝ၁၁ ရက်နေ့  အစည်းအဝေး အမှတ်စဉ် ၁/၂ဝ၁၁ ဖြင့်  ပြုလုပ် ကျင်းပခဲ့ပြီး  အလုပ်ရှင် အလုပ်သမား ခန့်ထားမှုဆိုင်ရာ သဘော တူညီချက်စာချုပ် ချုပ်ဆိုရန်၊ အလုပ်ချိန်ကို (၈)နာရီ သတ်မှတ်၍ ရက်သတ္တပတ် (၁)ပတ်တွင် (၂)ရက် အနားပေးရန်၊ အနည်းဆုံး အခကြေးငွေ (Minimum Wages) သတ်မှတ်နိုင်ရေးအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ဥပဒေများ ပြုစုရန် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။