လှုပ်ရှားမှုများ

ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးကာလအတွင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းကို ၂၅.၇.၂၀၁၂ ရက်နေ့ (၁၃:၀၀) နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ လယ်ယာ‌မြေကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၊ တောင်သူ လယ်သမား ကဏ္ဍနှင့် အလုပ်အကိုင် သင်ကြားရေးနှင့် လေ့ကျင့်ရေး အက်ဥပဒေ ပါ အချက်များနှင့် အလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေအချို့ အသစ် ရေးဆွဲရန် ဆွေးနွေးခြင်း   အစည်းအဝေးကို ၂၄.၇.၂ဝ၁၂ ရက်နေ့နှင့် ၂၅. ၇. ၂ဝ၁၂ ရက်နေ့၊ အစည်းအဝေး အမှတ်စဉ် ၉/ ၂ဝ၁၂ ဖြင့် ပြုလုပ်ကျင်းပခဲ့ပြီး အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ Work Shop ဆောင်ရွက်ပေးပြီး ဝန်ထမ်းများ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး၊ သင့်တင့်သော ထောက်ပံ့ ကြေး  ခံစားခွင့် ရရှိနိုင်ရန်အတွက် အဆိုတင်သွင်းရန် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။

လှုပ်ရှားမှုများ

ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၀/၂၀၁၂) ကို ၂၄-၇-၂၀၁၂ ရက်နေ့  လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် ကော်မတီရေးရာဆောင်အမှတ် (I-17) ၌ ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ် ခြင်း၊ အတွင်းရေးမှူးမှ အစီရင်ခံစာ ဖတ်ပြပြီး စုပေါင်းပြင်ဆင်ဖို့ မူကြမ်းတင်ပြီးကြောင်း၊ ပြည်သူတို့၏ တိုင်ကြား စာဆိုင်ရာ ကော်မတီက တစ်နေ့ ပျမ်းမျှ (၆)စောင် ဖြေရှင်းပေးနေရကြောင်း၊  လက်ရှိအစိုးရ လက်ထက်တွင်    တိုင်ကြားခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခြင်း၊ တိုင်ကြားချက်များ ရေးသားရာတွင် ဂရုပြုရန် လိုအပ် ကြောင်း၊ ကိုယ်ရေးတဲ့စာ ကိုယ်ဖတ်တာ အကောင်းဆုံး ဖြစ်ကြောင်း၊ (၃) ယောက်တစ်ဖွဲ့ဖြင့် တိုင်ကြားစာများအား စိစစ်ရန် တိုင်ကြားစာဥက္ကဋ္ဌမှ ပြောကြားသော အစည်းအဝေးကို ၂၃. ၇.

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ တောင်သူ လယ်သမားများ လယ်ယာ‌မြေ သိမ်းဆည်းမှုကိစ္စ၊ ဆည်မြောင်းများ ရေရရှိရေး၊ စက်ကိရိယာ ငှားရမ်းသုံးစွဲနိုင် ရေးဆွေးနွေးခြင်း၊ အလုပ်သမားများအတွက် ILO Convention တွင် ပါဝင်ရန် ဆွေးနွေးခြင်း အစည်းအဝေးကို ၁၇.၇.၂ဝ၁၂ရက်နေ့၊ အစည်းအဝေး အမှတ်စဉ် ၈/၂ဝ၁၂ ဖြင့် ပြုလုပ် ကျင်းပခဲ့ပြီး အလုပ်သမား သမိုင်းစာအုပ် စုဆောင်းပြီး ကော်မတီတွင် ထားရှိ၍ လေ့လာရန် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေး၌ တောင်သူ လယ်သမားများ လယ်ယာ‌မြေ သိမ်းဆည်းမှုကိစ္စ၊ ဆည်မြောင်းများ ရေရရှိရေး၊ စက်ကိရိယာ ငှားရမ်းသုံးစွဲနိုင် ရေးဆွေးနွေးခြင်း၊ အလုပ်သမားများအတွက် ILO Convention တွင် ပါဝင်ရန် ဆွေးနွေးခြင်း အစည်းအဝေးကို ၁၇.၇.၂ဝ၁၂ရက်နေ့၊ အစည်းအဝေး အမှတ်စဉ် ၈/၂ဝ၁၂ ဖြင့် ပြုလုပ် ကျင်းပခဲ့ပြီး အလုပ်သမား သမိုင်းစာအုပ် စုဆောင်းပြီး ကော်မတီတွင် ထားရှိ၍ လေ့လာရန် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး၌ တိုင်ကြားစာ အမှုတွဲများနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်တင်ရန် ပြင်ဆင်ထားသည်ကို အဖွဲ့ဝင်များအား ဖြန့်ဝေပြီး ဖြစ်ကြောင်း၊ ပိုမိုပြည့်စုံအောင် အားလုံး သဘောတူညီချက် ရအောင် ကျန်ကော်မတီဝင်များ ဖြည့်စွက်ချင် သည်များ ကျန်သွားမည် စိုးသည့်အတွက် အစီရင်ခံစာပေါ် မူတည်ပြီး အဆိုတင်ဖို့ ရှိကြောင်း၊   အကြမ်းဖျင်း တင် ဖို့ (၄)ခု ရှိကြောင်း၊ အဆိုတင်ဖို့ ဝိုင်းဝန်းဆွေးနွေးပြီး အဆို(၄)ခု ဆိုလျှင် (၄)ယောက် တစ်ဖွဲ့ ၊ ၎င်းတို့ကို ပြုစုပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်မည် ဖြစ်ကြောင်း၊  အတည်ပြုလျှင် လွှတ်တော်တွင် တင်သွင်းမည် ဖြစ်ကြ

လှုပ်ရှားမှုများ

ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီသည် (၁၁.၇.၂၀၁၂) ရက်နေ့  (၁၂:၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ရုံး၊ ရေးရာဆောင်အမှတ် (I-18) တွင်  အစီရင်ခံစာတင်ရန် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး၌ ကော်မတီ အစီရင်ခံစာအား အစည်းအဝေးတွင် အတည်ပြုပြီးဖြစ်၍ လွှတ်တော်သို့တင်ရန်ကိစ္စနှင့် website လွှင့်တင်ခြင်း အချက်အလက် ပြုစုရေးအဖွဲ့ (၃)ခု ဖွဲ့စည်းခြင်း အစည်းအဝေးကို ၁၁.၇.၂၀၁၂ ရက်နေ့ အစည်းအဝေး အမှတ်စဉ် ၉/၂၀၁၂ ဖြင့်  ပြုလုပ် ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးကာလအတွင်း အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှုစီမံကိန်းများရေးရာ ကော်မတီ၏ အမျိုးသားစီမံကိန်းဆိုင်ရာ အကြံပြုချက် စာတမ်းနှင့် ပတ်သက်သည့် အစည်းအဝေး ဒုတိယနေ့ (၂/၂၀၁၂) ကို ၁၁-၇-၂၀၁၂ ရက်နေ့တွင် ကော်မတီရေးရာဆောင်၌ ကျင်းပခဲ့ပါသည်။