တတိယအကြိမ် အမျိုးသားလွှတ်တော်
ဒုတိယပုံမှန် အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်)
ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးစိုင်းဝင်းခိုင် ၏ မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းနှင့်စပ်လျဉ်းသည့် မေးခွန်း
တန့်ယန်းမြို့ခေါ် တန့်ယမ်း(ရှမ်းလို)သည် ရှမ်းသမိုင်းဝင်မြို့ဖြစ်ခဲ့ပါသည်။ ရှမ်းမင်းများ၊ စော်ဘွားများ အစဉ်အဆက်အုပ်ချုပ်ခဲ့ပါသည်။ ၁၉၀၀ ခုနှစ် ဝန်းကျင်ကာလတွင် တန့်ယန်းမြို့ အား ဗြိတိယျအစိုးရက ပြည်သူ့ဆန္ဒခံယူ၍ တန့်ယန်းမြို့ခေါ် Tangyan ဆိုပြီး ပြန်တမ်းအမှတ်ဖြင့် တန့်ယန်းကို အုပ်ချုပ်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ် လွှတ်လပ်ရေးရပြီး နောက်ပိုင်းမှ ၁၉၀၀ ခုနှစ်အထိ မြို့၏အမည်ကို တန့်ယန်းရုံးသုံးစာ အဖြစ်သော်လည်းကောင်း၊ စကားအဖြစ်သော်လည်းကောင်း အသိအမှတ်ပြု ပြောဆိုသုံးစွဲခဲ့ပါသည်။
တန့်ယန်းမြို့နေ ရဟန်းရှင်လူ မိဘပြည်သူများ၏ ဆန္ဒအမှန်မှာ တန့်ယန်းမြို့ကြီး အေးချမ်းသာယာတိုးတက်ရေးနှင့် ဖွံ့ဖြိုးစည်ပင်ရေးအတွက် ဦးစားပေးဆောင်ရွက်စေလိုကြောင်း လူထုတွေ့ဆုံပွဲတွင် လူထုများအဆန္ဒရှိကြပြီး သက်ဆိုင်ရာသို့ တင်ပြပေးပါရန် တင်ပြတောင်းဆိုလာပါသည်။
နိုင်ငံတိုင်းပြည်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းပြည်တစ်ခုဖွဲ့စည်းတည်ထောင်ရာတွင် အဓိကပါဝင်သော REGIONS (OR) STATE တစ်ခုချင်းစီ၏ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်ပါသည်။ ပြည်နယ်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်ခြင်းသည် တိုင်းပြည်နယ်တွင် ပါဝင်သော မြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်ပါသည်။
မြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ခြင်းသည်လည်း ထိုမြို့ကို ဖွဲ့စည်းတည်ဆောက်ထားသော ကျေးရွာရပ်ကွက်များ၏ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်ပါသည်။ ထိုတိုးတက်ဖွံ့ဖြိုးသော ရပ်ကွက်၊ ကျေးရွာများ၏ အကြောင်းရင်းအမှန်သည်လည်း ထိုရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်လုပ်ကိုင် နေကြသောပြည်သူ တစ်ဦးချင်းစီ၏ ဝင်ငွေအဆင့်အတန်းမြင့်မားမှုနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုပင်ဖြစ်ပါသည်။
သို့ဖြစ်၍ အောက်ပါမေးခွန်းများကို ပြည်သူလူထု၏ကိုယ်စား မေးမြန်းအပ်ပါသည်-
(က) တန့်ယန်းမြို့အား မြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ခြင်းသည်လည်း လမ်းပန်းဆက်သွယ်သာယာကောင်းမွန်ရေးဖြစ်သည့်အတွက် တန့်ယန်းမြို့တွင်း လမ်းပန်းဆက်သွယ်ရေးမဟာဗျူဟာလမ်းဖြစ်သည့် “နောင်ဖာ” မိန်းလမ်းမကြီး (အရှည် ၅၀၀၀ ပေ၊ အကျယ် ၂၀ ပေ၊ အမြင့် ၈ လက်မ) အား ပြုပြင်ပေးရန် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများမှ ညွှန်ကြားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါသည်-
(ခ) အစီအစဉ်မရှိပါက ဘယ်အတွက်ကြောင့်နည်း
(ဂ) အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ညွှန်ကြားပြီး ဆောင်ရွက်ပေးမည်နည်း။
တတိယအကြိမ် အမျိုးသားလွှတ်တော်
ဒုတိယပုံမှန် အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်)
ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးစိုင်းဝင်းခိုင် ၏ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်
ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဖြစ်ပါတယ်။
ကျွန်တော့်အနေဖြင့် ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)၊ ဦးစိုင်းဝင်းခိုင် မေးမြန်းထားတဲ့ “ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့တွင်း လမ်းပန်းဆက်သွယ်မှု သာယာ ကောင်းမွန်ရေးအတွက် မဟာဗျူဟာလမ်းဖြစ်သည့် “နောင်ဖာ” မိန်းလမ်းမကြီးအရှည် (၅၀၀၀) ပေ၊ အကျယ် (၂၀)ပေ၊ အမြင့်(၈”)အား ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုခြင်း”နှင့် စပ်လျဉ်းတဲ့ မေးခွန်းအားရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား
ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျား
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်တဲ့ တန်းယန်း-နောင်ဖာကျေးရွာ မိုင်(၁၂/၀)အထိ စုစုပေါင်းလမ်းအရှည် (၁၂)မိုင်ရှိပြီး မြို့နယ်/ကျေးရွာများကို ဆက်သွယ်တဲ့ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါသည်။ လက်ရှိတိုင်းဒေသကြီးမှ စီမံခန့်ခွဲသော လမ်းအရေအတွက် ၁၇၀ လမ်း၊ လမ်းအရှည် ၂၁၄၅ မိုင် ၆ ဖာလုံ ရှိပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေဖြင့် လမ်းအမျိုးအစားအလိုက် မူလလမ်းအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်၊ အချိန်မတိုင်မီ ဖြစ်ပေါ်လာနိုင်သည့် လမ်းပျက်စီး ယိုယွင်းမှုများကို ကြိုတင်ကာကွယ်ရန်နှင့် လမ်းအသုံးပြုသူများဘေးအန္တရာယ်ကင်းရှင်းစေရန် သာမာန်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းကွန်ယက်မျာကို ချက်ချင်းပျက်၊ ချက်ချင်းပြင်စနစ်ဖြင့် မိုးတွင်းကာလတွင် လမ်းပေါက်များနှင့် လက်ပျက်စီးမှုများကို ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်ရန် မူဝါဒချမှတ်ထားရှိပြီး လက်ရှိတွင် လမ်းပျက်စီးမှုများကိုလည်း ပြင်ဆင်ထိန်းသိမ်းခြင်းပုံစံ(၂)မျိုးဖြစ်တဲ့ ကြိုတင်ရောကျောက်ကတ္တရာ (Premix) ဖြင့်ဖာထေးခြင်း၊ ကျောက်ဖြည့်သဲညှပ်စနစ် (Waterbound) ဖြင့် လမ်းပေါက်ဖာထေးခြင်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ သို့ရာတွင်ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ခြင်း၊ မိုးများသည့် ဒေသဖြစ်ခြင်း၊ မိုးတွင်းကာလတွင် အောက်ခံမြေသား၏ ခံနိုင်ဝန်ကျဆင်းခြင်းနှင့် သတ်မှတ်တန်ချိန်ထက် ပိုမိုတပ်ဆောင်သည့် ယာဉ်များဖြတ်သန်းသွားလာခြင်းကြောင့် လမ်းပိုင်းအချို့တွင် လမ်းပေါက်များ၊ လမ်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။ အဆိုပါ သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင် ဖြတ်သန်းသောယာဉ်များကိုလည်း တားဆီးကာကွယ်သွားမည်ဖြစ်ပြီး မိုးကုန်ပြီး ပွင့်လင်းရာသီရောက်ရှိသည့်အခါတွင် လမ်းပျက်စီမှုပေါ်မူတည်၍ ရန်ပုံငွေလျာထားကာ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ပြုပြင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့နံပါတ်(၂)မေးခွန်းဖြစ်တဲ့ “မိုးတွင်းကာလ အရေးပေါ်ပြုပြင်ခြင်းများအတွက် လိုအပ်သော ကျောက်၊ ကတ္တရာနှင့် စက်ယန္တရားများအား ခရိုင်၊ မြို့နယ်အဆင့်များတွင် အသင့်စုဆောင်းထားရှိသည့် (Emergency Stock Pile) စနစ်ကျင့်သုံးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်ပြီး ဖြေကြားရမည် ဆိုပါက ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီ၊ မေ ကာလများတွင် ပြည်ထောင်စုမှ စီမံခန့်ခွဲသော လမ်းပိုင်းများ၊ တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော လမ်းပိုင်းများအလိုက် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး ကြိုတင်စုဆောင်းကာ ရာသီဥတုအခြေအနေပေါ်မူတည်၍ လမ်းပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့ နံပါတ်(၃)မေးခွန်းဖြစ်တဲ့ “အရေးပေါ်ပြုပြင်မှုများအတွက် လုံလောက်သော သီးသန့်ရန်ပုံငွေ (သို့မဟုတ်) လမ်းထိန်းသိမ်းခြင်းရန်ပုံငွေအား မိုးမကျမီကတည်းက ကြိုတင်လျာထားခွဲဝေပေးရန်နှင့် (B.O.T) စနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေသော ပုဂ္ဂလိကကုမ္ပဏီများအားလည်း ညွှန်ကြားပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်ပြီး ဖြေကြားရမည်ဆိုပါက လမ်းဦးစီးဌာနအနေဖြင့် မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရမည်ဆိုပါက လမ်းဦးစီးဌာနအနေဖြင့် ပုံမှန်သာမာန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေများကို နှစ်စဉ်ကြိုတင် လျာထားဆောင်ရွက်နေသော်လည်း ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများအရ ဧပြီလမှသာလျှင် စတင်အသုံးပြုဆောင်ရွက်လျက်ရှိပါတယ်။ အရေးပေါ်ပြုပြင်မှုများအတွက် လမ်းပျက်စီးမှုအပေါ်မူတည်၍ တွက်ချက်ပြီး သီးသန့်ရန်ပုံငွေ ခွင့်ပြုပေးရန်တင်ပြ၍ ခွင့်ပြုရန်ပုံငွေရရှိပါက လမ်းပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက် ပေးလျက်ရှိပါတယ်။ B.O.T စနစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော လမ်းပိုင်းများရှိ မိုးတွင်းကာလ ပျက်စီးမှုများအား ပြင်ဆင်ခြင်း၊ ပွင့်လင်းရာသီကာလ၌ လမ်းသား ချောမွေ့စေရန် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို နှစ်စဉ်စီမံချက်များ ရေးဆွဲတင်ပြစေလျက် လမ်းပြင်ဆင်ထိန်းသိမ်းခြင်းနှင့် လမ်းအဆင့်မြှင့်တင်တည်ဆောက်ခြင်းများကို အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ဧရာဝတီတိုင်းဒေကြီးအစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များနှင့်ပေါင်းစပ်၍ ရှင်းလင်းဖြေကြားအပ်ပါတယ် ခင်ဗျား။
အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျား။