အမျိုးသားလွှတ်တော်ဒုတိဥက္ကဋ္ဌ ဦးအေးသာအောင်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေနှင့်အတူ (၃၀.၁.၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ၊ ဒေလီမြို့ Taj Palace Hotel ရှိ Shanjehan, Ballroom တွင် ပြုလုပ်သည့် (၁၂) ကြိမ်မြောက် အနာကြီးရောဂါရှင်များအား မနှစ်မြို့မှုနှင့် ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာပန်ကြားချက် (၂၀၁၇) ခုနှစ် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး Nippon Foundation မှတာဝန်ရှိသူများ၊ WHO မှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ် များ ဆွေးနွေးခြင်းအစီအစဉ်
အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေနှင့်အတူ အိန္ဒိယသမ္မတနိုင်ငံ ဒေလီမြို့ Taj Palace Hotel ရှိ Shahjehan Ballroom တွင် ဇန်နဝါရီ ၂၉ ရက် ညနေ ၆ နာရီက ကျင်းပသည့် အိန္ဒိယနိုင်ငံ Sasakawa Leprosy Foundation မှ အိန္ဒိယနိုင်ငံ အနာကြီးရောဂါဝေဒနာရှင်များ စုပေါင်းနေထိုင်သည့် ကျေးရွာများမှ ရွာသူရွာသားအချို့အား ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် အဖွဲ့ဝင် (၂)ဦး ပါဝင်သောအဖွဲ့သည် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၂)ကြိမ်မြောက် အနာကြီးရောဂါရှင်များအား မနှစ်မြို့မှုနှင့် ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာပန်ကြားချက် (၂၀၁၇ ခုနှစ်) ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဇန်နဝါရီလ (၂၈) ရက်နေ့ (၁၅၀၀) နာရီတွင် ထွက်ခွာသွားပါသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် (၁.၁၂.၂၀၁၇)ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ကိုးရီးယားသမ္မတ နိုင်ငံ အီးလ်ဆန်းမြို့ရှိ Hyundai Motor studio