
| ၁။ | အကြိမ် | - | ပထမအကြိမ် |
| ၂။ | အမည် | - | ဒေါ်ခင်ဝိုင်းကြည် |
| ၃။ | အခြားအမည်ရှိလျှင် | - | ဒေါ်ခင်ဝိုင်း |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | W MDY - ၂၇၃၂၅၅ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၉-၀၂-၁၉၄၇ / (၇၁) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် |
| ၈။ | ပညာအရည်အချင်း | - | စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ တောင်အုန္နဲဘုတ်ရွာ |
| ၉။ | လက်ရှိအလုပ်အကိုင် | - | အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးကျော်လှိုင်(ကွယ်လွန်) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်ကြည်သိန်း၊ AE-၁၆၀၉၂၁၊ ယောဂီ |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးခင်မောင်မြင့်၊ MMO-၀၂၅၇၀၄၊ Trading Officer New Myanmar Co.,Ltd |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် | - | (၁) မမေသက်စံ၊ ၁၂/ဒဂမ(နိုင်) ၀၀၉၀၃၁၊စာရင်းကိုင်၊ (၂) မချိုသက်စံ၊ ၁၂/ဒဂမ(နိုင်)၀၀၉၄၃၁၊ အမှုထမ်း၊ ဂုန်လျှော်(ရုံးချုပ်)၊ ရန်ကုန်မြို့ |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | ၅၀၊ (ခ/၆) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအင်အားစုပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၁) |
(က) ပညာသင်ကြားခဲ့ဖူးသောကျောင်းများကိုဖော်ပြရန်-
အလ္လာကပ္ပဘုန်းတော်ကြီးကျောင်း၊ မန္တလေးမြို့၊ ပုလဲငွေရောင် အလယ်တန်းကျောင်း၊မန္တလေးနှင့် အမှတ်(၄) အမျိုးသမီး အထက်တန်း ကျောင်း မန္တလေးမြို့တို့တွင် လည်းကောင်း၊ ရွှေမန်းတက္ကသိုလ်ဝင် အလွတ်ပညာသင်ကျောင်း၊ မန္တလေးမြို့မှ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီး မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ဒုတိယနှစ်အထိ ပညာဆည်းပူးခဲ့သည်။
(ခ) လုပ်ကိုင်ခဲ့ဖူးသည့်အလုပ်အကိုင် ၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့်နေရာဌာနများဖော်ပြရန် –
အထက်တန်းပြဆရာမအဖြစ် ဒိုင်အိုစီဇင်သံတဲကျောင်း၊ မန္တလေးမြို့တွင်လည်းကောင်း စီမံခန့်ခွဲရေးဝန်ထမ်းအဖြစ် ချည်မျှင်နှင့် အထည် စက်ရုံ (စစ်ကိုင်း) အမှတ်(၁) စက်မှု၀န်ကြီးဌာနတွင်လည်းကောင်း၊ ဌာနခွဲစာရေးကြီးအဖြစ် အထည်အလိပ် လုပ်ငန်း ကော်ပိုရေးရှင်း (ရုံးချုပ်)၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန ရန်ကုန်တွင်လည်းကောင်း၊ ဌာနစိတ်မှူး (စီမံခန့်ခွဲရေး) အဖြစ် ဂုန်လျှော်(ရုံးချုပ်)၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန တွင် လည်းကောင်း တာ၀န်ထမ်းဆောင်ခဲ့သည်။ Human Resources Co.,Ltd. (ရန်ကုန်) နှင့် D Sliver Palace Co.op. Ltd.(ရန်ကုန်) တွင် MD အဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
(ဂ) ပြည်ပခရီးစဉ် မှတ်တမ်း
မရှိပါ။
(ဃ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များဖော်ပြရန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။လူမူရေးအဖွဲ့အစည်းအသီးသီး၌လည်းကောင်း၊ဘာသာရေးအဖွဲ့အစည်းများ၌ လည်းကောင်း၊အကျိုးပြုလုပ်ငန်းများ များစွာ ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံရေး၌လည်း တိုင်းပြည်နှင့် လူမျိုးအကျိုး
ရှိစေမည့် အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေးစသည်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
(င) ချီးမြှင်ခံရသောဘွဲ့ထူး ၊ ဂုဏ်ထူး –
၁၉၇၈-၁၉၇၉ ခုနှစ်တွင် အကောင်းဆုံးစံပြကျောင်းသူဆု(ဗလ-၁၉)(ဖောင်ကြီး)၊
၁၉၇၈-၁၉၇၉ ခုနှစ်တွင် အမှတ်စဉ်အလိုက် ပထမဆု(ဗလ-၁၉)(ဖောင်ကြီး)၊
၁၉၈၅ ခုနှစ်တွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးဆု၊
၁၉၈၇ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးဆု၊
၁၉၇၉ ခုနှစ်တွင် မြို့နယ်အလုပ်သမားအစည်းအရုံး ဂုဏ်ပြုဆု(စစ်ကိုင်း)တို့ ရရှိခဲ့သည်။
(စ) အခြားဖော်ပြရန်ရှိသည်များ –
မရှိပါ၊