Share this

ကနေဒါနိုင်ငံ ကိုယ်စားလှယ်အဖွဲ့နှင့် အစည်းအဝေး အစီရင်ခံစာ

လှုပ်ရှားမှုများ

၁။        ကျင်းပသည့်နေ့ရက်                                     –     (၂၁-၉-၂၀၁၁)

၂။         ကျင်းပသည့်အချိန်                                      –     ဝ၉:ဝ၀ နာရီ

၃။        ကျင်းပသည့်နေရာ                                       –     Inter-Continental Hotel

၄။        မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်သူများ   –    ဦးမန်းမောင်မောင်ဉာဏ် (အဖွဲ့ခေါင်းဆောင်)၊

                                                                                 ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင်၊

                                                                                 ပြည်ထောင်စုလွှတ်တော်

                                                                                 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

                                                                          –     ဦးရှီသီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

၅။     အစည်းအဝေးတက်ရောက်ရသည့်ရည်ရွယ်ချက်  –  (၃၂)  ကြိမ် မြောက်  AIPA     ညီလာခံသို့တက်ရောက်လာသည့် မိတ်ဖက် နိုင်ငံများမှ

     လွှတ်တော်ကိုယ်စားလှယ်များနှင့် AIPA အဖွဲ့ဝင် နိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များ

     အကျိုးတူ လုပ်ငန်းဆိုင်ရာဆွေးနွေးခြင်းဖြစ်ပါသည်။

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

            အာဆီယံနိုင်ငံအသီးသီးမှ မိတ်ဆက်စကား ပြောကြားပြီးနောက် ကနေဒါနိုင်ငံက အာဆီယံနိုင်ငံများနှင့် မိတ်ဝတ်မပျက်ဆက်သွယ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အချိန်တွင် ဒီမိုကရေစီထွန်းကားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် နိုင်ငံတိုင်းအတွက် အရေးကြီးပါ ကြောင်း၊ လူ့အခွင့်အရေးများလည်း တိုးတက်ရန် ကြိုစားရမှာဖြစ်ကြောင်း၊ အချို့နိုင်ငံများတွင်လည်း မြေမြှုပ်မိုင်းများရှိနေပြီး ရှင်းလင်းမှု မလုပ်နိုင် သေးကြောင်း စသည်ဖြင့် ပြောကြားပါသည်။ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့မှ ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် ယခုဆိုလျှင် အာဆီယံပါလီမန် အဖွဲ့တွင် တင်းပြည့်အဖွဲ့ဝင်ဖြစ်လာပြီဖြစ်၍ ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ဒီမိုကရေစီဖော်ဆောင်ရေးကိုလည်း အလေးထား ဆောင်ရွက်နေပါကြောင်း၊ ယခုဆိုလျှင် ဈေးကွက်စီးပွားရေး ဖော်ဆောင်နေသည့်အတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်လျက်ရှိပါကြောင်း၊ ကနေဒါနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံနှင့် ဆက်သွယ်လျက်ရှိပါကြောင်း၊ အထူးသဖြင့်လည်း အိုင်ဗင်ဟိုးကုမ္ပဏီဆိုလျှင် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုရှိပါကြောင်း၊ ယခုလည်း ရင်းနှီးမြှုပ်နှံမှုတွင် တံခါးဖွင့်ထားပါ၍ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ပါ ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။