Share this

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍများမှ တာဝန်ရှိသူများနှင့် အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကော်မတီ အစည်းအဝေး

နေပြည်တော်၊ ဇူလိုင် ၉

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီသည် (၉-၇-၂၀၂၆) ရက်၊ ကြာသပတေးနေ့၊ (၁၄:၀၀)နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍမှတာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17) ၌ အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၏ မူဝါဒ၊ ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များ၊ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးမီးရရှိရေး အစီအမံများ၊ ရေအားလျှပ်စစ်စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့လျှပ်စစ်စီမံကိန်းများ၊ နေရောင်ခြည်သုံးလျှပ်စစ်စီမံကိန်းများ၊ ကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်းများ၊ ဓာတ်အားဖြန့်ဖြူးမှုအစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာစောနေလင်းအောင်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထက်သျှန်ဖြိုး နှင့်တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၆:၂၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။