အမျိုးသားလွှတ်တော် ပထမအကြိမ် ဆဌမပုံမှန် အစည်းအဝေး၌ တိုင်ကြားစာဆိုင်ရာ အမှုတွဲများနှင့် စပ်လျဉ်း ၍ စိစစ်ခြင်း၊တိုင်ကြားစာများ နှင့်ပတ်သက်၍ နေ့စဉ်ပုံမှန် တိုင်ကြားစာ(၁၇) စောင်ခန့် ရှိကြောင်း၊တိုင်ကြားစာ များအား ဖြစ်စဉ် မှန်/မမှန် စိစစ်နိုင်ရေး ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပေးပို့ရေး ဆောင်ရွက်ရန်၊ပြည်ထောင်စု အစိုးရအဖွဲ့များမှ စိစစ်ပြီး ပြန်လည် ပေးပို့လာသည့် တိုင်ကြားစာများအား ကာယကံရှင်ထံ ပြန်ကြားနိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေးသည့် အစည်းအဝေးကို ၁၃. ၂. ၂၀၁၃ ရက်နေ့ လွှတ်တော် အစည်းအဝေး ပြီးစီးချိန်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။