Skip to main content
အစည်းအဝေး
ပုံမှန်အစည်းအဝေး
အထူးအစည်းအဝေး
အရေးပေါ် အစည်းအဝေး
ဥပဒေများ
အမျိုးသားလွှတ်တော် ဥပဒေ/ နည်းဥပဒေ
ပြဋ္ဌာန်းပြီး ဥပဒေများ
ဥပဒေကြမ်းများ
ကော်မတီ/ ကော်မရှင်
ကော်မတီများ
ကော်မရှင်/ အဖွဲ့
ကိုယ်စားလှယ်
ဥက္ကဋ္ဌ/ ဒုဥက္ကဋ္ဌများ
တပ်မတော်သား
တိုင်းဒေသကြီးနှင့် ပြည်နယ်
နိုင်ငံတကာဆက်ဆံရေး
ချစ်ကြည်ရေးအသင်း
ပြည်ပခရီးစဉ်များ
သတင်းနှင့်ပြန်ကြားရေး
မိန့်ခွန်းများ
ဓာတ်ပုံများ
ဗီဒီယိုများ
Search form
Search
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၏ မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
မြန်မာ – တရုတ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး MR. CHEN CHEN အား လက်ခံတွေ့ဆုံ
ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးကာလများအတွင်း ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များကူညီစောင့်ရှောက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစောထွန်းမြအောင် က တောင်ပေါ်ဒေသ ဘိန်းစိုက်ပျိုးသည့် ဒေသများတွင် ဘိန်းအစားထိုးစိုက်ပျိုးရန် ရွှေစင်ကြယ်ပဲမျိုး PURE GOLD STAR BEAN (STAR SACHA INCHI)အား အစားထိုးစိုက်ပျိုးရန် သင့် မသင့်နှင့်စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း မှ ပြန်လည်ဖြေကြားချက်များသည် အများပြည်သူများအတွက် တန်ဖိုးရှိသော မေးခွန်းနှင့်အဖြေများဖြစ်သောကြောင့် မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းဖော်ပြရန်ဆုံးဖြတ်
ဒသမပုံမှန်အစည်းအဝေး
မူလစာမျက်နှာ
ဒသမပုံမှန်အစည်းအဝေး
23
May
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ “ခနောက်စိမ်း”ထုတ်လုပ် နေသည့် ကုမ္ပဏီများမှ ခွင့်ပြုချက်နှင့် စည်းကမ်းများ လိုက်နာခြင်း ရှိ/မရှိ၊ အခွန်အခများ၊ လူမှုရေးအရ တာဝန်ယူမှု ရှိ/မရှိ နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေမှုများ တားဆီးကာကွယ်ခြင်း ရှိ/မရှိ တို့ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
23
May
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာ များဖြစ်သော ကင်မွန်းအင်းကျေးရွာ၊ တိုက်ကြီးစုကျေးရွာ၊ ပုဂံကွဲကျေးရွာ၊ သစ်တောကြိုးဝိုင်း အမှတ်(၅၂)အကွက်ရှိ မြေဧရိယာ ဧက(၈၀)ခန့်ပေါ်တွင် လွန်ခဲ့သော ၂၀၀၈-၂၀၀၉ ခုနှစ်ကတည်းက တောင်သူ(၂၂)ဦးမှ ပုဂ္ဂလိက သစ်တောစိုက်ခင်း တည်ထောင်ရန် လျှောက်ထားခဲ့ရာ ခွင့်ပြုခဲ့သဖြင့် တောင်သူများသည် တောင်ယာလုပ်ငန်း လုပ်ကိုင်ခြင်း၊ ကျွန်းပင်များနှင့် လျှော်ဖြူပင်များ စိုက်ပျိုးခြင်းများ လုပ်ကိုင်လာရာ နိုင်ငံတော်ကို တစ်ဧက (၈၀၀၀)ကျပ် ပေးသွင်းခဲ့ရခြင်းများရှိခဲ့ပြီး ယခုအခါ ကျေးရွာသုံး ထင်းစိုက်ခင်း ဧက(၁၅၀)ထဲတွင် ပါဝင်နေသည်ဟုဆိုကာ ဖယ်ရှားခိုင်းနေပါသဖြင့် တောင်သူအများစုမှာ များစွာမှ နစ်နာဆုံးရှုံးမှုများအား မည်ကဲ့သို့ ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်းနှင့် နစ်နာကြေးများပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း
23
May
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လင်းမြွေတောင်တန်းကြီးကို လုံးဝ ပျက်စီးဆုံးရှုံးသွားစေနိုင်သည့် ကျောက်မိုင်းခွဲကာ ကျောက်ထုတ်လုပ် နေမှုကို သက်ဆိုင်ရာမှ ရပ်တန့်စေပြီး နောင်တွင်လည်း ဤနေရာကို ကျောက်ထုတ်လုပ်ခြင်းမှ တားမြစ်ထားသော နယ်မြေအဖြစ် သတ်မှတ် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
23
May
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖြစ်ပေါ်နေသော ရေထုညစ်ညမ်းအရောင်ပြောင်းလဲမှုကိစ္စကြောင့် ဒေသခံပြည်သူလူထု၏ စိုးရိမ်မှုများမှာ တစ်စတစ်စမြင့်မားလာကာ ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများ ရှိလာနေသည့် သတင်းများ ထွက်ပေါ် နေသောကြောင့် သက်ဆိုင်ရာ အစိုးရ၊ ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း များအနေဖြင့် မည်သို့ တုံ့ပြန်ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
23
May
ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ဖာခါး သစ်တောကြိုးဝိုင်းနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်း
23
May
ချင်းပြည်နယ်၊ ပလက်ဝမြို့၊ သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ နေထိုင်ရန် ဝန်ထမ်းအိမ်ရာ အဆောင်သစ် (၆၀ x ၃၀)ပေ နှစ်ထပ်ဆောင် တစ်ဆောင်နှင့် မြို့နယ် ဦးစီးအရာရှိနေအိမ် (၄၀ x ၃၀)ပေ တစ်လုံးတို့ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း
23
May
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တရားရုံးသို့ လမ်းမကြီးမှဝင်ရန် တူးမြောင်းဖြတ်ကျော်တံတားသည် (၅)ပေအကျယ်၊ အလျား(၁၅)ပေရှိသည့် သစ်ခွဲသားငယ်တိုင်များ၊ ယက်မများ၊ ဆင့်များဖြင့် ဝါးကတ်များခင်း၍ ဆောက်လုပ်ထားသည့် တံတားဖြစ်သဖြင့် မော်တော်ယာဉ်ကဲ့သို့ လေးလံ သည့် သက်သေခံပစ္စည်းများကို တရားရုံးဝင်းထဲသို့သွင်းရန်၊ ရုံးဝင်းထဲမှ ပြန်ထုတ်ရန်၊ လုံးဝသုံးမရပါသောကြောင့် လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေ အလျင်အမြန် လိုအပ်နေသည့် လေးလံသော သက်သေခံပစ္စည်းများ သွင်း/ထုတ်နိုင်မည့် ခိုင်ခန့်သော အဝင်/အထွက် တံတား(၂)စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
23
May
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သူ/မြို့သားများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ပြီး ယခု ပျက်စီးယိုယွင်းနေသော ထွန်းရွှေဝါ ခန်းမကြီးအား ပြုပြင်ရန်နှင့် အေးမြသာယာကျေးရွာအုပ်စုပိုင်အဖြစ် စည်ပင်သာယာမှ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် မရှိပါက ပျက်စီးယိုယွင်းနေသော ယင်းခန်းမကြီးအား အမြန်ဆုံး ပြုပြင် ပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း
23
May
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ၊ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ လုပ်ပိုင်ခွင့် အမိန့်စာ အမှုတွဲအမှတ် ၅၀/မလ/၉၅-၉၆(ရှမ်း)အရ နှစ်ရှည်ပင် စိုက်ပျိုး လုပ်ကိုင်ခွင့် နှစ်(၃၀) ချပေးထားသော မြေပေါ်တွင် သက်တမ်းမကုန် သေးကြောင်း ဒေသအာဏာပိုင်များက သိပါလျက်နှင့် လန - ၃၉ (မြေပေး အမိန့်)စာဖြင့် မြေကွက်များ ချပေးထားခြင်း၊ တိုးချဲ့ရပ်ကွက်သစ် ဖော်ရန် အတွက်ဟုဆိုကာ တောင်ကုန်းများဖြို၍ မြေကြီးများ သယ်ယူရောင်းစား လျက်ရှိနေသဖြင့် စိုက်ပျိုးလုပ်ကိုင်ရန် (၇)နှစ်နီးပါး ရပ်ဆိုင်းထားရပြီး မြေများ လက်လွတ်ဆုံးရှုံးနေမှုတို့ကို ပြန်လည်တည့်မတ် အကာအကွယ်ပေး ညွှန်ကြားရန် အစီအစဉ် ရှိ/မရှိ နှင့် တာဝန်ပျက်ကွက်သူ အာဏာပိုင်ကို အရေးယူရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း
23
May
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်အား ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ကို ဆောင်ရွက် ရာတွင် ပေးဆောင်ရမည့် မှတ်ပုံတင်ကြေး၊ တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို မည်၍မည်မျှ ပေးဆောင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာန သဘောတူညီချက်ဖြင့် ဦးစီးဌာနမှ အမြန်ဆုံး ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
« first
‹ previous
…
3
4
5
6
7
8
9
10
11
…
next ›
last »