27
Jul

ဦးငွေထွန်း၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)၏ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ စံပယ်ဆောင် (၁၅၀x၃၀x၂၀)ပေ တစ်ထပ်ကျောင်းဆောင်သည် သက်တမ်း(၃၈)နှစ်ကြာပြီဖြစ်၍ ကြံ့ခိုင်တောင့်တင်းမှု အားနည်းနေခြင်း၊ စင်္ကြံအမိုးများ ဆွေးမြေ့ပျက်စီးနေခြင်း၊ မျက်နှာကြက်များ ပေါက်ပြဲပြုတ်ကျပျက်စီးနေခြင်း၊ အုတ်ညှပ်ထားသောသစ်များ ခြစားနေခြင်းတို့ကြောင့် ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်းခွင့်ပြုရန်နှင့် ဖျက်သိမ်းခွင့်ရရှိပါက ၎င်းမြေနေရာပေါ်တွင် (၁၅၀x၃၀x၂၀)ပေ RC (၃)ထပ်ဆောင် သို့မဟုတ် (၁၅၀x၃၀x၂၀)ပေ (၂)ထပ်ဆောင် ‌ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

27
Jul

ဦးဇော်မင်းထူး၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့သည် နယ်မြေတည်ငြိမ်အေးချမ်းနေပြီဖြစ်ပါသဖြင့် ဒေါတမရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် ဒေါတမအခြေခံပညာအလယ်တန်းကျောင်း (၂)ကျောင်း၏ နှစ်ထပ်ကျောင်းဆောင်များအား ဆောက်လုပ်ခဲ့ရာ(၄၀%)ခန့် ပြီးစီးခဲ့ပြီး လွိုင်ကော်မြို့တွင်း၌ သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည့်အတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် (၁၀၀%) ပြီးစီးအောင် ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း